စင်ကာပူ ကို $200 ကိုင်ပြီး သွားမယ် 1 Night 2 Day

စင်ကာပူ ကို $200 ကိုင်ပြီး သွားမယ်
1 Night 2 Day
200$ not include Airticket 

SG $ 250 လောက် ရပါတယ် 

ရထား MRT စီးဖို့  က 20$ လောက် easy card 
ဝယ်ထားလိုက်ပါ 
Hostel Beary Best မှာ 
1 night booking 24$
နဲ့ ရန်ကုန်က မထွက်ခင် ကြိုတင် ဘိုကင်တင်ထား
မှအခန်းရဖို့ သေချာပါတယ် 

လေဆိပ်ကို ရောက်တာနဲ့ Changi Airport MRT 
ကနေ China Town Station ကို သွားရမှာပါ 
China town ရောက်တာနဲ့ China town point E 
ဂိတ် အပေါက်ကို ရွေးပြီ ထွက်လာရင် ဘယ်ဖတ် နားမှာ Book ထားတဲ့ Hostel ကိုတွေ့မှာပါ 
Check in လုပ် ပြီးတာနဲ့ ရေမိုးချိုး ပြီး 
China Town ကို စမွေ လို့ရပြီ 
အစားအသောက် အစုံရှိပေမယ့် 
ကျွန်တော်က တော့ 
ဖြစ်သလို ပဲ အကင်လေးနဲ့ ဘီယာ တစ်လုံးနဲ့
ထမင်းဖြူတစ်ပွဲ 30$ လောက် သွယ်လိုက်တယ်

စင်ကာပူက သောက်ရေ ရှားပြီး 
ဝယ်သောက်ရင် ဈေးကြီးတဲ့မြို့တော်ဆိုတာ
ခပ်များများ သိပြီးသားပါ 
အဲ့ကြောင့် ရေသောက်ချင်လို့ 
Marina bay sand က Casino ဝိုင်းကို 
China Town MRT ကနေ Bayfront MRT ကို 
သွားပြီး ကာစီနို ဝိုင်းထဲ ပတ်စပို့ပြပြီး ဝင်ရပါတယ်
free ပါပဲ 
ရေဆာလို့  ရေသောက်တယ် 
အအေး ကော်ဖီ Coca cola ခွက်လေး ကိုင် 
သူများ ဆော့တာ ပတ်ကြည့် 
ဗိုက်မပြည့်သေးလို့  ပဲနို့လေးပါ ဆွဲလိုက်သေး
$ ပေါတဲ့သူဆိုရင်တော့ ကံစမ်းကြည့်ပေါ့ 
မွဲကိန်းနော် သောင်းဂဏန်း အနည်းဆုံး 
ဆော့ရတာဆိုတော့ 

အဲ့ဒီက အထွက် 
Marina bay ရေပန်း show 
7pm တစ်ခါ 9 pm တစ်ခါ ပြတယ် 
အရမ်းလှတယ်နော် ကြည့်ဖြစ်အောင် ကြည့်ခဲ့ 
ဟိုဖတ် ကမ်းက Malion နဲ့ ပုံရိုက်ချင်ရင်တော့ စကားပြောရင်း လျောက်းရင်းဆို ရောက်ပါတယ်
ကျွန်တော်က တော့ ဟိုတယ် ပြန် နားလိုက်တယ် 

နောက်တစ်ရက်မနက်
Universal Studio ကိုသွားဖို့  Ticket ကို 
Hostel counter မှာ ဝယ်လိုက်တယ် 72$ နဲ့ 
လက်မှတ် ရတာ နဲ့ 
China town MRT ကနေ Harbourfront MRT 
ကို ရွေးပြီး သွားရပါတယ် Harbour front 
ကိုရောက်ရင် Vivo city lvl 3 သုံးထပ်မြောက် 
ကိုတတ်ပြီး Sentosa ဂိတ်က Sky train 
ကို စီးရမှာပါ Water front မှာ ဆင်း လိုက်ရင် 
Universal Studio ဝင်ပေါက်ကို ရောက်မှာပါ

မှတ်ချက် အဲ့ထဲမှာ ရေဝယ်မသောက်နဲ့နော် 
ဘူးလေးနဲ့ ထည့်သွား အဲ့မှာ ရေသန့် ၆၀၀၀ 
ပေးသောက်ရတယ်
ရောက်ရောက်ရှင်း လှသ ပသ ရှိတုန်း 
ဓါတ်ပုံ လှလှလေးတွေရိုက်ကြ
ပြီးမှာ ကစားစရာတွေ စီးစရာတွေ စီးကြပေါ့
လက်မလွတ်သင့်တဲ့ ကစားစရာတွေက 
Tranformer 5 D 
Roar coaster 
Warrior show
Dinosaur park 
Chocolate villa 
Mummy House
တွေက ဝင်သင့်တဲ့နေရာပါ
အဲ့မှာတင် တစ်နေကုန်ပါပဲ 

အဲ့ဒီက ကစားလို့  ဝရင်တော့ 
China town ကိုပြန် 
Baggage ယူပြီး 
MRT ကနေ Changi Airport ကို ပြန်
Check in လုပ် ပြီး 
ရန်ကုန် ကို ပြန်လာရုံပါပဲ 

Hostel က Breakfast လည်း စားဖို့  မမေ့နဲ့နော်
ပေါင်မုန့် ကော်ဖီ ငှက်ပျောသီး မုန့်တွေ အစာပြေရှိ
ထမင်းစားတာကတော့ 
ကျွန်တော်က ကုန်တိုက်တွေ မှာ စားတာဆိုတော့ 
တစ်ခါစား 10$ လောက်ပဲ ကျပါတယ်

MRT ez link card - 20$
Hostel Beary - 24$
Universal Studio - 72$
Dinner Chinatown - 30$
Meal for 2 Day - 50$ 
အားလုံးပေါင်းမှ စင်ကာပူဒေါ်လာ 196$ ပါ 
USD 200$ တောင်မကုန်ပါဘူး 

Air ticket ကတော့ Facebook မှာ 
ပလူပျံနေအောင် ဈေးလျော့ရောင်းတာတွေကော
Promotion တွေကော ဆိုတော့ 
တစ်ခါတစ်လေ 100$ နဲ့ရရင်ရ မယ် 
တစ်ခါတစ်လေ 180$ ဖြစ်ကောင်းဖြစ်မယ်

ဒါကတော့ 1 night 2 Day plan လေးပါ 
Night တွေ အများ ကြီး Spend ချင်တဲ့သူတွေ
လည်း ရှိမှာပါ ဒါပေမယ့် 
ကျွန်တော့အတွက်က တော့ 
Singapore ဒီလောက်ဆို လုံလောက်P 
😅😅😅

Catat Ulasan

Terbaru Lebih lama